Hand Foot Mouth Diseases - လက် ၊ ခြေ ၊ ပါးစပ် ရောဂါ

Hand Foot Mouth Diseases - လက် ၊ ခြေ ၊ ပါးစပ် ရောဂါ

အနှစ်ချုပ်

  • ကလေးတွေ ရောဂါလက္ခဏာတစ်ခုခုခံစားရပြီဆိုတာနဲ့ ဆရာဝန်ဆီမှာ သွားရောက်ကုသမူခံယူရပါမယ်။ ရောဂါအရှင်းမပျောက်မချင်း ကလေးတွေကို တခြားသူတွေနဲ့ သီးသန့်ခွဲထားရပါမယ်။

လက်၊ ခြေ၊ ပါးစပ် ရောဂါ (Hand Food Mouth Diseases) ဟာ မျိုးစိတ်ကွဲ များစွာရှိတဲ့ enteroviruses ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ ကလေးငယ်တွေနဲ့ ငါးနှစ်အောက်ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်။ လက်၊ခြေ၊ ပါးစပ်ရောဂါ (HFMD)ဟာ တစ်နှစ်ပတ်လုံးဖြစ်လေ့ရှိပေမယ့် အေးပြီး စိုစွတ်တဲ့မိုးရာသီမှာပိုဖြစ်ပါတယ်။ ဒီရောဂါဟာကုသပျောက် ကင်းနိုင်ပြီးတော့ နောက်ဆက်တွဲကျန်းမာရေး ပြသနာတွေရှိလာမှသာ အသက် အန္တရာယ် ရှိတာပါ။ ဒါကလဲ တော်တော်လေးကို ရှားပါးတဲ့အခြေအနေဖြစ်ပါတယ်။

Hand Foot and Mouth ရောဂါရဲ့ လက္ခဏာများ

ရောဂါကူးစက်ခံရသူဟာ အဖျားဝေဒနာကို ခံစားရမှာြဖစ်ပြီးတော့ ကလေးငယ်တွေမှာဆိုရင် အဖျားကြီးတာမျိုး အထိဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ခံရတဲ့ ကလေးဟာ တစ်ရက် သို့မဟုတ် နှစ်ရက် အတွင်းမှာ လည်ချောင်းနာ လာပြီးတော့ အစားနည်းလာတာ၊ မိခင်နို့မစို့တော့တာမျိုးဖြစ်နိုင်ပါတယ်။ ပါးစပ်နဲ့ လျှာနားတွေမှာ အနီစက်တွေ၊ အရည် ကြည်ဖုတွေလဲထွက်လာပါမယ်။ လက်တွေ၊ခြေထောက်တွေမှာ အဖုအပိမ့်တွေပေါက်လာပါမယ်။ အနီစက် တွေကနေ ရေကြည်ဖုတွေဖြစ်လာပြီးတော့ အဖုပေါက်ကာ တဖြည်းဖြည်းခြောက်သွားပါတယ်။ အမာရွတ်ကျန်ခဲ့တာမျိုးတော့ မရှိပါဘူး။ ဒီ လက္ခဏာတွေဟာ ၇ ရက် ကနေ ၁၀ ရက်အတွင်း သူ့အလိုလို သက် သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Hand, Foot and Mouth ရောဂါကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြသနာများ

Hand, Foot and Mouth ရောဂါဟာ ကုသပျောက်ကင်းနိုင်တာမှန်ပေမယ့် တစ်ခါတစ်လေမှာ ဆိုးရွားတာတွေလည်း ဖြစ်တတ်ပါတယ်။ တစ်ချို့အခြေအနေတွေမှာ ရောဂါဟာ တခြားအစိတ်အပိုင်းတွေထိပျံ့သွားတာကြောင့် ဗဟိုနာဗ်ကြောအဖွဲ့ (central nervous system) ကို ဆိုးဆိုးရွားရွား ကူးစက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ HFMD ရောဂါကနေ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis)၊ ဦးနှောက်ရောင် ရောဂါ (encephalitis) ဒါမှမဟုတ် သွေးလှည့်ပတ်မူဆိုင်ရာ ပုံမှန်မဟုတ်မူ (circulatory disorders) စတာတွေဖြစ်တာတတ်ပြီးတော့ ဒါတွေဟာ ရုတ်တရက် နှလုံးခုန်ရပ်ခြင်း (Heart Failure) ကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ အသက် သေဆုံးမူကိုပါ ဖြစ်စေနိုင်ပါတယ်။ အချက်အလက်တွေအရ ကြည့်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံမှာ Hand, Foot and Mouth ရောဂါနဲ့ ဆက်စပ်ပြီးတော့ နှစ်စဉ်လူသေဆုံးမူ အနည်းငယ်သာရှိတာကိုတွေ့ရပါတယ်။ 


Hand, Foot and Mouth ရောဂါကူးစက်ပျံ့ပွားမူ
Hand, Foot and Mouth ရောဂါဟာ ဗိုင်းရပ်စ် နဲ့ထိတွေ့ရာကနေ တစ်ဆင့် လူလူချင်းကူးစက်လေ့ရှိတဲ့ရောဂါပါ။ ဗိုင်းရပ်စ်ကို မစင်၊ ပြည်အနာနဲ့ ချွဲသလိပ် သို့မဟုတ် တံတွေး ထဲမှာရှိတဲ မော်လီကျူးတွေမှာတွေ့နိုင်ပါတယ်။ ဒါ့ ကြောင့် ဗိုင်းရပ်စ်ဟာအစားအသောက်၊ အရုပ်နဲ့ဆော့စရာတွေကို အလွယ်တကူရောက်ရှိလာနိုင်ပြီး ကလေးငယ် တွေလက်စုပ်တာမျိုးလို အန္တရာယ်မရှိတဲ့အခြေအနေတွေကနေတစ်ဆင့်လဲ ရောဂါကူးစက်ခံရနိုင်ပါတယ်။ က လေးထိန်း မူကြိုလို၊ ကစားကွင်းလိုမျိုး ကလေးငယ်ပေါင်းများစွာရှိနေတဲ့နေရာတွေဟာ ရောဂါပျံ့ပွားကူးစက် နိုင်ချေအများဆုံးရှိတဲ့နေရာတွေပဲဖြစ်ပါတယ်။

Hand, Foot and Mouth ရောဂါ ကူးစက်ပျံ့ပွားမူကိုတားဆီးခြင်း

အခုချိန်ထိ Hand, Foot and Mouth ရောဂါနဲ့ပတ်သတ်လို့ ကာကွယ်ဆေးမရှိသေးပေမယ့် အောက်ပါအချက် တွေကိုလိုက်နာမယ်၊ တစ်ကိုယ်ရေသန့်ရှင်း မူကိုထိန်းသိမ်းထားမယ်ဆိုရင်တော့ ရောဂါကူးစက်ခံရမူကို တားဆီးနိုင်ပါတယ်။
 

၁။ အစာမစားမီနဲ့ စားပြီးချိန်တိုင်း၊ အိမ်သာသွားပြီးချိန်တိုင်း လက်ကိုဆပ်ပြာ ဒါမှမဟုတ် အယ်လ်ကိုဟော ပါတဲ့ လက်သန့်ဆေးရည် နဲ့ဆေးပေးရပါမယ်။

၂။ လက်သည်းပုံမှန်ညှပ်ပြီး ကိုယ် ခန္ဓာကိုသန့်ရှင်းအောင်နေရပါမယ်။

၃။ သောက်ရေခွက်၊ ဇွန်း၊ ခက်ရင်း၊ လက်ကိုင်ပုဝါ၊ လက်သုပ်ပုဝါ နဲ့ သွားပွတ်တံတို့လို တစ်ကိုယ်ရေသုံး ပစ္စည်း တွေကိုတခြားလူတွေနဲ့ ဝေမျှအသုံးပြုတာမျိုးရှောင်ရပါမယ်။

၄။ ကစားစရာအရုပ်တွေနဲ့ နေအိမ်ကို သန့်ရှင်းအောင်ထားရပါမယ်။

၅။ ကိုယ့်သားသမီးနဲ့ ကလေးထိန်းတွေကို သင့်တော်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမူမျိုး ရှိနေအောင် ညွှန်ကြားထားရပါမယ်။

၆။ ‌ဈေးဝယ်စင်တာတွေ၊ ဈေးတွေနဲ့ ရေကူးကန်တွေလို လူရှုပ်ထွေးတဲ့နေရာတွေကို တတ်နိုင်သလောက် ရှောင်ရပါမယ်။

၇။ ကလေးတွေကို အနီးကပ်စောင့်ကြည့်ပြီးတော့ Hand, Foot and Mouth ရောဂါ နဲ့ ပတ်သတ်တဲ့ လက္ခဏာ တစ်ခုခု တွေ့ပြီဆိုတာနဲ့ တတ်နိုင်သမျှအမြန်ဆုံး ဆရာဝန်ပြရပါမယ်။

၈။ ရောဂါပိုးပျံ့နှံ့နေတဲ့ နိုင်ငံတွေဆီကို ကလေးငယ်တွေနဲ့သွားရောက်လည်ပတ်တော့မယ်ဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီးတော့ ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုဆိုရင် ရောဂါကူးစက်ခံရမူနဲ့ ပတ်သတ်ပြီး စိုးရိမ်ရမှာမဟုတ်ပါဘူး။ Hand, Foot and Mouth ရောဂါ ရှိသူတွေကိုလည်း ရောဂါနဲ့ပတ်သတ်တဲ့ အခြေခံအကြံပြုချက်တွေကို ရရှိထားပြီးလို့ပါပဲ။

Hand, Foot and Mouth ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုရင် ကူးစက်ခံထားရတဲ့ ကလေးတွေကို တခြားက လေးတွေနဲ့ ခွဲပြီး သီးသန့်ထားရပါမယ်။ ကလေးတွေကို ဆရာဝန်ပြမယ်ဆိုရင်တောင် ရောဂါဖြစ်ပြီး အနည်းဆုံး ၅ ရက် - ၇ ရက်လောက်ကြာပြီးမှ ဒါမှမဟုတ် ရောဂါလုံးဝပျက်ကင်းသွားပြီးချိန်မှ သွားဖို့အကြံပြုပါတယ်။ ဒီအ ချိန်အတွင်းမှာ မိဘတွေအနေနဲ့ ကလေးငယ်တွေကို အနီးကပ်စောင့်ကြည့်နေရာမှာဖြစ်ပြီးတော့ အန်ခြင်း၊ တက်ခြင်း နဲ့ ကလေးရဲ့ ပုံစံသိသိသာသာပြောင်းလဲနေခြင်းတို့လို သံသယဖြစ်စရာ လက္ခဏာတွေဖြစ်လာရင်တော့ ဆေးရုံကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်။

ဒါ့အပြင်ရောဂါကူးစက်ခံထားရတဲ့ကလေးတွေကို နေရာကျဉ်းကျဉ်းလေးတွေမှာထားတာမျိုးကိုလည်းရှောင် သင့်ပါတယ်။ ချောင်းဆို၊ နှာချေတာကနေတစ်ဆင့် တခြားလူတွေကို ရောဂါကူးစက်တာမျိုးမဖြစ်အောင် Mask တပ်ထားသင့်ပြီးတော့ ကလေးတွေရဲ့သန့်ရှင်းရေးကို ပြုစုပေးမယ့်မိဘတွေအနေနဲ့လည်းတတ်နိုင်သလောက် ဂရုစိုက်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

Samitivej Hospital မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်
ကလေးကျန်းမာရေးဌာနမှ အချက်အလက်များ 
For Medical Inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်