ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်း (Undescended testicles) သို့မဟုတ် ကပ္ပါယ်အိတ်တွင်ဝှေး စေ့မရှိခြင်း (cryptorchidism) ဆိုတာဝှေးစေ့တွေဟာသူတို့ရှိသင့်တဲ့ ကပ္ပါယ်အိတ်ထဲမှာရှိမနေတဲ့အခြေအနေ တစ်ခုပါ။ ပုံမှန်အခြေအနေမှာဆိုရင် သန္ဓေသားအဖြစ်ဖွံ့ဖြိုးနေချိန်မှာဝှေးစေ့တွေဟာ ဝမ်းဗိုက်အောက်ပိုင်းမှာရှိ နေပြီး တဖြည်းဖြည်းအောက်ဆင်းလာကာ ကိုယ်ဝန်ရဲ့တတိယသုံးလအတွင်းမှာ ပေါင်ခြံကနေတစ်ဆင့် ကပ္ပါယ် အိတ်အတွင်းကိုရောက်ရှိသွားပါတယ်။ ဒီဖြစ်စဉ်အတွင်းမှာ အနှောင့်အယှက်တစ်ခုခုရှိတာက ကပ္ပါယ်အိတ် အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းကိုဖြစ်စေပါတယ်။ ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်း ကို ပုံစံလေးမျိုးခွဲခြားနိုင်ပါတယ်။:
1.1 ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်း ပုံစံများ
လက်ရှိအချိန်အထိ ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရာလို့ အခိုင်အမာပြောနိုင်တဲ့ကောက်ချက်မျိုးမရှိသေးပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့အချက်တွေကတော့ ဒီအခြေအနေကိုဖြစ်နိုင်ခြေ ပိုများလာစေတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
တခြားသောကျန်းမာရေးပြဿနာတွေမရှိဘူးဆိုရင် ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းဟာသိသာ ထင်းရှားတဲ့ လက္ခဏာပြမှာမဟုတ်ပါဘူး။ ကလေးအနေနဲ့ နာကျင်တာ သို့မဟုတ် တစ်ခုခုပုံမှန်မဟုတ်တာ မျိုးခံစားရမှာမဟုတ်တဲ့အတွက် ကပ္ပါယ်အိတ်ထဲမှာရှိနေတဲ့ ဝှေးစေ့တွေကိုလက်နဲ့စမ်းလို့မရတာကလွဲရင် တခြား လက္ခဏာတွေမရှိပါဘူး။ ဒါပေမယ့် အူကျွံခြင်း (hernia) သို့မဟုတ် ဝှေးစေ့လိမ်ခြင်း (testicular torsion) တို့လို တခြားကျန်းမာရေးပြဿနာတွေကြောင့် ဒီလိုဖြစ်တာဆိုရင်တော့ ရုတ်တရက်ပေါင်ခြံတွင် အလုံးဖြစ်လာပြီး ရောင်ယမ်းကာ ပြင်းပြင်းထန် ထန်နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။
ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းကြောင့် တခြားသော မူမမှန်မှုတွေကိုလဲ ဖြစ်စေပါတယ်။ အဲ့တာတွေမှာ
မွေးကင်းစကလေးတွေမှာ ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်း ဖြစ်နိုင်ခြေဟာ ၂ ရာခိုင်နူန်းကနေ ၅ ရာခိုင်နူန်းအထိရှိပါတယ်။ ဖြစ်စဉ်အများစုမှာ ဝှေးစေ့ဟာမွေးပြီးပထမ ခြောက်လအတွင်း သူ့အလိုလိုအောက်ကို ဆင်းသွားတတ်ပါတယ်။မွေးကင်းစကလေးတွေရဲ့ ၁ - ၂ ရာခိုင်နူန်းလောက်ကသာ သူ့အလိုလိုအောက်မဆင်း သွားတာမျိုးနဲ့ ကြုံတွေ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းဟာ မွေး ကင်းစအရွယ်တုန်းက ဘာမှမဖြစ်ခဲ့တဲ့ ကလေးကြီးတွေမှာလဲ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါဟာဝှေးစေ့တွေဆီပို့ပေး တဲ့သွေးကြောတွေ ဆန့်ကျုံ့နိုင်စွမ်း နည်းတာ သို့မဟုတ် တွယ်ဆက်တစ်သျှူးတွေ အားနည်းတာမျိုးကြောင့် ဖြစ်ပါတယ်။
ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းဟာကိုယ်ဝန်ဆောင်နောက်ဆုံးသုံးလကာလအတွင်းမှာဖြစ်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကိုယ်ဝန် ၂၉ ပတ်နဲ့ ၄၂ ပတ်ကြားမှာ အာထရာဆောင်းရိုက်ခြင်းနဲ့ ရှာဖွေဖော်ထုတ်နိုင် ပါတယ်။ မွေးပြီးချိန်မှာ ဒီလိုဖြစ်မဖြစ်ကို ဂရုတစိုက်စူးစမ်းလေ့လာခြင်း သို့မဟုတ် လက်နဲ့စမ်းကြည့်ခြင်းနည်း တွေနဲ့သိနိုင်ပါတယ်။ ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်း ဖြစ်တာသေချာတယ်ဆိုရင် ပေါင်ခြံမှာ ဖောင်းနေတာမျိုး သို့မဟုတ် ကပ္ပါယ်အိတ်မှာဘာမှမရှိတာမျိုး စတဲ့အခြေအနေတွေနဲ့ မြင်တွေ့သိရှိနိုင်ပါတယ်။ ဝှေးစေ့ နှစ်ခုဟာ တစ်ခုခုနဲ့တစ်ခုခု အရွယ်အစားသိသိသာသာ ကွာခြားနေတာမျိုးကိုလဲ မြင်တွေ့ရနိုင်ပါတယ်။
ကပ္ပါယ်အိတ်မှာ ဘာမှမရှိဘူး ၊ ဝှေးစေ့ကိုလက်နဲ့လည်းစမ်းလို့မရဘူးဆိုရင် သူတို့ဘယ်နေရာမှာရှိတယ်ဆိုတာ ရယ်၊ ကြီးနေလား သို့မဟုတ် သေးနေလားဆိုတာကိုသိရှိဖို့အတွက် အာထရာဆောင်းရိုက်ဖို့လိုပါတယ်။ အာထရာ ဆောင်းရိုက်လို့မပေါ်ဘူးဆိုရင်တော့ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် ဆရာဝန်ဟာ MRI ရိုက်တဲ့နည်းလမ်း ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
ဝှေးစေ့တွေနေရာမှန်မှာရှိမနေခြင်းက နောက်ဆက်တွဲပြဿနာတွေကိုဖြစ်လာစေနိုင်တာကြောင့် ကပ္ပါယ်အိတ် အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းအခြေအနေကို ကုသခြင်းဟာ ခွဲစိတ်ခြင်းနည်းလမ်းပဲဖြစ်ပါတယ်။ ကပ္ပါယ် အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းကို ကုသခြင်းအတွက်ခွဲစိတ်ခြင်းပုံစု နှစ်မျိုးရှိပါတယ်။ အဲ့ဒါတွေက တော့
7.1. ခွဲစိတ်ကုသခြင်း
ဒီလိုသမားရိုးကျခွဲစိတ်မူပုံစံဟာ ဝှေးစေ့တွေပေါင်ခြံမှာရှိနေပြီး လက်နဲ့စမ်းလို့ရတယ်၊ ကပ္ပါယ်အိတ်ထဲအလွယ် တကူထည့်လို့ရတဲ့ အခြေအနေအတွက်သင့်တော်ပါတယ်။ ခွဲစိတ်မှုပြီးချိန်မှာ ပေါင်ခြံဧရိယာမှာ ၂-၃ စင်တီမီတာ လောက်ရှိတဲ့ခွဲရာလေးနဲ့ ကပ္ပါယ်အိတ်မှာ ၁ စင်တီမီတာထက်မကျော်တဲ့ ခွဲရာသေးလေးတစ်ခုသာ ကျန်ခဲ့မှာဖြစ် ပါတယ်။
7.2. မှန်ပြောင်းခွဲစိတ်ကုသခြင်း
ဒီခွဲစိတ်နည်းလမ်းကို ဝှေးစေ့တွေဟာ အထက်ပိုင်းမှာ သို့မဟုတ် ဝမ်းဗိုက်မှာရှိနေတာကြောင့် ကပ္ပါယ်အိတ်ထဲကို ပြောင်းရွေ့ဖို့ခက်ခဲတဲ့ အခြေအနေ သို့မဟုတ် ဝှေးစေ့တွေဘယ်မှာရှိနေလဲ တိတိကျကျမသိနိုင်တဲ့ အခြေအနေ တွေမှာ အသုံးပြုပါတယ်။ ဝှေးစေ့တွေကို အပြင်ကနေ မမြင်ရ သို့မဟုတ် စမ်းလို့မရဘူးဆိုရင် ဆရာဝန်တွေဟာ ဒီနည်းလမ်းကိုရွေးချယ်လေ့ရှိကြပါတယ်။
ဒီခွဲစိတ်နည်းလမ်းနှစ်ခုစလုံးဟာ ပြန်လည်နာလည်ထူဖို့အတွက် သီတင်းပတ် ၂ ပတ်လောက်အချိန်ယူရပါတယ်။ ဒီကာလပြီးတဲ့နောက်မှာ ခွဲထားတဲ့ဒဏ်ရာဟာလည်း သက်သာလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်းမှာခွဲစိတ်ထား တဲ့ကလေးဟာ ခရီးဝေးဝေးတွေသွားနိုင်ဦးမှာမဟုတ်တာကြောင့် မိဘတွေအနေနဲ့ ခွဲစိတ်မူမလုပ်ခင် ကြိုတင်ပြင် ဆင်ထားဖို့လိုပါမယ်။
မွေးပြီးပြီးခြင်းပထမ ခြောက်လအတွင်းမှာ ဝှေးစေ့တွေဟာ ကပ္ပါယ်အိတ်ထဲကိုသဘာဝအတိုင်းရောက်ရှိလာနိုင် ခြေရှိသေးတာကြောင့် အသက် ၆ လကနေ ၁ နှစ်အတွင်းမှာခွဲစိတ်မူကိုလုပ်ဆောင်သင့်ပါတယ်။ အရမ်းငယ်သေး တဲ့ကလေးတွေကို ခွဲစိတ်တာဟာ ကိုယ်တွင်းအင်္ဂါတွေရဲ့အရွယ်အစားသေးငယ်မူကြောင့် အန္တရာယ်များပါတယ်။ ခွဲစိတ်မှုအတွင်း ဝှေးစေ့တွေကိုသွေးပို့ပေးတဲ့ သွေးကြောတွေထိခိုက်ကာ ဝှေးစေ့တွေသေးသွားခြင်းမျိုးဖြစ်နိုင် ခြေရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင်ကလေးအသက်တစ်နှစ်ကျော်မှ ခွဲစိတ်မယ်ဆိုရင်လည်း ဝှေးစေ့ တွေရာသက်ပန်သေးသွားတာမျိုးဖြစ်နိုင်ခြေများပါတယ်။ ။ ဒီလိုသေးသွားတာက အနာဂတ်မှာသူတို့ရဲ့ သုတ်ရေထုတ်လုပ်နိုင်မှုအပေါ်သက်ရောက်နိုင်လို့ပဲဖြစ်ပါတယ်။
တကယ်လို့ကလေးမှာ အူကျွံခြင်း သို့မဟုတ် ဝှေးစေ့လိမ်ခြင်းလို ကျန်းမာရေးပြဿနာတွေရှိတယ်ဆိုရင် ဆရာ ဝန်ဟာ ကျန်းမာရေးကိုဆိုးဆိုးရွားရွားထိခိုက်လာနိုင်ခြေရှိတဲ့ နောက်ထပ် နောက်ဆက်တွဲပြဿနာတွေကို တား ဆီးဖို့အတွက် ခွဲစိတ်မူကို တတ်နိုင်သမျှအမြန်ဆုံးဆောင်ရွက်ဖို့ ညွှန်ကြားမှာဖြစ်ပါတယ်။
ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းကို ခွဲစိတ်ကုသပြီးတာတောင် ဒါဟာပြန်ဖြစ်လာနိုင်ခြေရှိပါသေး တယ်။ ဆန့်အား သို့မဟုတ် ချုပ်ရိုးတွေပြေသွားတာမျိုးကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့်ဆရာဝန်တွေဟာခွဲစိတ် ထားတဲ့ကလေးတွေကို ခွဲစိတ်ပြီး တစ်လ၊ နှစ်လအတွင်းမှာ အနီးကပ်စောင့်ကြည့်ပြီး အရမ်းဆော့တာ၊ ပြေးတာ သို့မဟုတ် အားစိုက်ရတာမျိုးမလုပ်စေဖို့ မိဘတွေကို ညွှန်ကြားတာဖြစ်ပါတယ်။
ဒါ့အပြင် ဆရာဝန်တွေဟာ ဝှေးစေ့တွေရဲ့ အနေအထားနဲ့ အခြေအနေတွေကို စစ်ဆေးဖို့၊ သူတို့နေရာမှန်မှာရှိနေ တာနဲ့ ပုံမှန်အတိုင်းဖွံ့ဖြိုးတာသေချာစေဖို့အတွက်ခွဲစိတ်ပြီး တစ်လနဲ့ သုံးလမှာ ရက်ချိန်းပြသဖို့ချိန်းဆိုလေ့ရှိပါ တယ်။ အဲ့ဒီနောက်မှာတော့ မိဘတွေက ခွဲစိတ်ထားတဲ့ကလေးတွေကို တစ်နှစ်တစ်ခါ ရက်ချိန်းပြဖို့ စီစဉ်ပေးတာ သို့မဟုတ် ကိုယ့်ဘာသာ ပုံမှန်စစ်ဆေးတာမျိုးလုပ်ရပါမယ်။ ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်း ကို အောင်အောင်မြင်မြင် ခွဲစိတ်ပြီးတဲ့နောက်မှာလည်း ဝှေးစေ့ ကင်ဆာဖြစ်ပွားနိုင်ခြေရှိနေသေးတာကြောင့် မိဘတွေ အနေနဲ့ ဝှေးစေ့မှာမူမမှန်တာတစ်ခုခုတွေ့ပြီဆိုတာရင် ဆေးကုသမှုကို အချိန်မှီခံယူသင့်ပါတယ်။
ကပ္ပါယ်အိတ်အတွင်းသို့ ဝှေးစေ့ပုံမှန်မဆင်းခြင်းဟာ မွေးကင်းစကနေ မြီးကောင်ပေါက်အရွယ်အထိဖြစ်နိုင် တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ ဒီလိုအခြေအနေဖြစ်မဖြစ်ကို အမြဲတမ်းစောင့်ကြည့်နေသင့်ပါ တယ်။ ကလေးတွေပိုကြီးလာတာနဲ့အမျှ ပိုပြီးသတိပြုမိလာနိုင်တာကြောင့် သူတို့ကိုယ်သူတို့ ပုံမှန်စစ်ဆေးတာ မျိုးလုပ်ဖို့ သင်ပေးထားရပါမယ်။ အမှန်တကယ်ဖြစ်နေတာကို စောစောစီးစီး သတိထားမိတယ် သို့မဟုတ် မူမမှန်မှုတစ်ခုခု ဖြစ်လာတယ်ဆိုရင် မြန်မြန်ဆန်ဆန် ဆွေးနွေးတိုင်ပင်၊ ကုသဖို့ ကြိုးစားရပါမယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆစ်မီတဝေ့နိုင်ငံတကာ ကလေးဆေးရုံရဲ့ မွေးကင်းစ နဲ့ ကလေးခွဲစိတ်အထူးကု စင်တာ မှ ကလေးအထူးကုခွဲစိတ်ဆရာဝန်ကြီးတွေဟာ ထိုင်းနိုင်ငံရဲ့ ခွဲစိတ်ဆရာဝန်ကြီးများ တော်ဝင် ကောလိပ် (Royal College of Surgeons of Thailand (RCS) ကနေ အသိအမှတ်ပြုလက်မှတ်ရရှိ ထားသူတွေဖြစ်ပါတယ်။ ဆေးရုံမှာရှိတဲ့ ကလေးအထူးကုခွဲစိတ်ဆရာဝန်တိုင်းဟာ ကြီးမားကျယ်ပြန့်စွာ တတ်မြောက်ကျွမ်းကျင်မှုများနဲ့ ၁၀ နှစ်နဲ့အထက် အတွေ့အကြုံရှိသူတွေဖြစ်ပါတယ်။ ဒါ့အပြင်ဆရာဝန် ကြီးတွေဟာ ကလေးတွေအတွက် သီးသန့်ရည်ရွယ်တဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်ကုသ ခြင်းကိုကျွမ်းကျင်သူတွေဖြစ်တာကြောင့် ကလေးတွေကို ဒီနည်းပညာတွေနဲ့ ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်မှုတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီနည်းပညာမှာဆိုရင် ခွဲစိတ်ခန်းသုံးကိရိယာတွေဟာ ကလေးရဲ့ အသက်အရွယ်ပေါ်မူတည်ပြီးတော့ ၂၊ ၃ ကနေ ၅ မီလီမီတာ လောက်သာရှိတဲ့အထိ သေးငယ်ပါတယ်။
သေးငယ်တဲ့ ကိုယ်တွင်းအင်္ဂါကြည့် မှန်ပြောင်းကင်မရာများ ကိုအသုံးပြုခြင်းကြောင့် ကျွန်တော်တို့ဆေးရုံမှာရှိတဲ့ ကလေးအထူးကုခွဲစိတ်ဆရာဝန်တွေဟာ ရောဂါအခြေအနေကိုအတွင်းပိုင်းအထိ ရှင်းရှင်းလင်းမြင်နိုင်ပြီး အထူးပြုလုပ်ထား တဲ့အသေးစားကိရိယာလေးတွေကြောင့် တိကျတဲ့ဖယ်ရှားမှုတွေကို ချက်ချင်းဆောင်ရွက်နိုင်ပါတယ်။ ဒီနည်း လမ်းမှာ ခွဲစိတ်ရာသေးသေးလေးတွေ ( ၂ ကနေ ၅ မီလီမီတာ) သာရှိမှာဖြစ်ပြီး တစ်သျှူးပျက်စီးမှု သို့မဟုတ်ပွန်းပဲ့ ဒဏ်ရာရရှိမှုလည်းနည်းတာကြောင့် လျင်မြန်တဲ့ နာလန်ထမှုကိုပါဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးနဲ့ပတ်သတ် ပြီးစိုးရိမ်မှုရှိတဲ့မိဘတွေဟာ အွန်လိုင်းကနေ ဆရာဝန်တစ်ဦးနဲ့ ကနဦး တိုင်ပင်ဆွေးနွေးမှုလုပ်ဆောင်ဖို့ စာရင်းပေး သွင်းနိုင်ပြီဖြစ်ပါတယ်။